တွေးမိတွေးရာလေးပါ
ဆံပင်ညှပ်ဆိုင်မှာ ကိုယ့်အလှည့်ကို စောင့်ယင်း ဂျာနယ်လေးတစောင်ကို ဖတ်နေခိုက် ဆံပင်ညှပ်ဆရာက သူ့မိန်းမကို ပြောလိုက်သံကြားလိုက်မိတော့ အမှိုက်တွေရှုပ်
တယ်ကွာ သိမ်းလိုက်ပါအုံးတဲ့ လူတစ်ယောက်ရဲ့ခေါင်းမှာ အထွပ်အမြတ်ထားရတဲ့ဆံပင် က ခေါင်းမှာရှိနေတုံးက ကျက်သရေရှိလိုက်တာ လှလိုက်တာ တင့်တယ်လိုက်
တာ နော်တဲ့ ခေါင်းပေါ်ကနေလဲ ဖြတ်ချလိုက်လို့ အောက်လဲရောက်ရော အမှိုက်တဲ့ ကြောက်စရာနော် အပြောင်းအလဲ ဆက်ပြီးတွေးကြည့်မိလိုက်တာ
သစ်ပင်ပေါ်မှာရှိနေတဲ့ သစ်ရွက်တွေ စိမ်းစိုနေတာပဲ လှလိုက်တာ အညွန့်လေးများခူးပြီး တို့စားလိုက်ရ ဟင်းချိုလေးများကျိုပြီးသောက်လိုက်ရ မြေပဲဆံလေး
လှော်ပြီးထောင်းသုတ်လိုက်ရ ဟော စိတ်ကူး သူ့အလိုလိုများ ကြွေကျသွားလို့ကတော့ အမှိုက် ဗျ တကယ့်ကို အမှိုက် မီးရေးထင်းရေးကြောက်ရ တဲ့ အမှိုက်
အင်းလူတွေကိုဗျာ စဥ်းစားမိ ကျောင်းဆရာတွေ စာသင်ချိန် ကျောင်းပြင်ပရောက်နေရင် ရုံးဝန်ထမ်းတွေ ရုံးချိန်မှာ ပြင်ပရောက်နေရင် တောရိုင်းတိရစ္ဆာန်
တွေ တောထဲမရှိရင် မြစ်ရေတွေ မြစ်ထဲစီးဆင်းခွင့်မရ ရင် အင်း တစ်စုံ တစ်ယေက်ကများ စစ်သားတွေ စစ်တမ်းလျား မှာ မရှိရင်ကောဗျာ လို့ မေးခဲ့ရင်
လောကကြီး မှာ သက်ရှိသက်မဲ့ သတ္တ၀ါအားလုံးဟာ သူ့နေရာမှာ သူမရှိ ရင် အမှိုက်ပါလားနော်

No comments:
Post a Comment