ပြည်သူ့အချစ်တော်သမ္မတကြီးရဲ့ ပြောင်းလဲမှုနှုန်းတွေကအံ့သြလောက်အောင်ကို မြန်လွန်းနေ
တော့ ကမ္ဘာ့နိုင်ငံများတောင်မျက်စိလည်ကုန်တယ် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှု စီးပွားရေးပြုပြင်ပြောင်းလဲမှုများ အတွက်ဖွဲ့လိုက်တဲ့ ကောင်စီတွေ ကော်မရှင်တွေ ကလဲ ဒေါင်ဒေါင်မြည် ထောက်ခံလိုက်ကြတဲ့ နိုင်ငံတကာခေါင်းဆောင်များရဲ့အဆိုတွေ အကြံ ဥာဏ်တွေ ခန့်မှန်းချက်တွေကလဲ မစားရ ၀ခမန်း တကယ်ပါ မြန်မာပြည်ကြီး နေ့ချင်း ညချင်း မလေးရှားကဲ့သို့ စင်္ကပူကဲ့သို့ အင်ဒိုကဲ့သို့ ဖွံ့ဖြိုးတိုးတက်တော့ မလိုလို ကဲ ကျွန်တော် တို့ လက်ရှိအခြေအနေက ဘယ်အဆင့်မှာလဲ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကောင်စီအဖွဲ့ ကလဲ ခိုင်မာလိုက်တာမှ ထိပ်ထိပ်ကြဲတွေချည်း ပဲ ဒါဆိုရင် ကျွန်တော်တို့်က တာထွက်ဘို့ အသင့်အနေအထားမှာလား မဟုတ်ရင် တာထွက်ပြီးသွားလို့ လက်ရှိ ပြေးလမ်းမပေါ်ကို ရောက်နေပြီလားသေချာတာကတော့ ကျွန်တော်တို့ တာထွက်နောက်ကျတာတော့ ငြင်းလို့မရပါဘူးနော်
ဒါဆိုရင် ဘယ်လိုပြေးကြမလဲ ဘယ်စံချိန်နဲ့ပြေးမလဲ လှည့်မကြည့်ပါနဲ့ နောက်မှာ မည်သူမှမရှီရှေ့ မှာ ရှိနေကြတဲ့ သူတွေထဲက ဘယ်သူ့ ကို စပြီး မှီအောင်လိုက်မလဲ ဘယ်လို မူဝါဒနဲ့စံနစ်နဲ့ပြေးမလဲ ဒုတိယ ဘယ်သူ့ကို ကျော်မလဲ မဟာဗျူဟာတွေ ဘယ်လိုချ မှတ်ဆောင် ရွက်ကြမလဲအလွန်စိတ်ဝင်စားစရာကောင်းပါတယ် မူဝါဒချမှတ်သူရယ် အကောင်အထည်ဖော်ကြမဲ့သူတွေ ခံစားကြမဲ့ပြည်သူတွေရယ်ဟန်ချက်ညီညီ ပြေးကြမယ်ဆို
လို့ ကတော့ ကျွန်တော်တို့လိုချင်တဲ့ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံသစ်ကြီးဆီ ကို မြေကြီးလက်ခတ်မလွဲ ရောက်ရမှာပေါ့်လေ

No comments:
Post a Comment