မျှော်လင့်တာက အဲဒီလိုမဟုတ်ဘူးဗျ ဒါပေမဲ့ သမ္မတကြီးရဲ့အကြံပေးက ပြောထွက်ရက်လိုက်တာ ပြည်သူတွေ ဘာများမှားနေသလဲ ဘာလို့ပြောရက်သလဲ နောက်ဆုံးတော့ ဒီပုပ်ထဲက ပဲ ဒီပဲပါပဲလား ပေါ့ လူထု လိုချင်တာက ပွင့်လင်းမြင်သာမှု ဖြစ်ပါလိမ့်မယ် မရိုင်းပါဘူး ရှင်းပြပါ ရိုးရိုးသားသား လုပ်စေချင်တာပါ မလာဘူး ဘာလုပ်ချင်လဲ ဘာဖြစ်ချင်လဲ အောက်မှာ တာဝန်ရှိတဲ့ဝန်ထမ်းက မသိဘူး မကျေနပ်ရင် သမ္မတ သွားပြောဆိုတာမျိုး တွေ နဲ့ ရင်ဆိုင်နေရတဲ့ အောက်ခြေပြည်သူက သနားစရာပါ ဖြစ်စဉ်က ဒီလိုပါဗျာ မိုးရေက ဘယ်လို တာဝါတိုင်တွေက ဘယ်ချမ်းသာ စက်တွေက ဘာဖြစ်နေလို့ စသဖြင့် ပေါ့် လက်ခံပါတယ် ကျွန်တော်တို့ အဲဒါကြောင့် မီးကို လက်ရှိဘယ်လိုလေးပေးမှဖြစ်မယ်ဗျာ ခဏလေး သီးခံပေးပါ သိပ်မကြာပါဘူး ဘာညာ ဆို လူထု ကို ရှင်းပြ ပွဲက ပြီးပြီ ခုတော့ မဟုတ်ဘူး မြို့ မေတ္တာခံယူမဲ့ လျှပ်စစ်ဝန်ထမ်းက မီးပျက်တာ ဂွင် ပဲ အပေါ်ကနဲနဲအောက်က သဲသဲ
လုပ်ပြီ
အာရ်ကေ ပေးတဲ့ လုပ်ငန်းရှင် ထရင်စဖော်မာ များများလင်း ကြောက်ရတဲ့
လှယ်လှယ်ကြီးတွေ ပုလင်းတူဘူးဆို့ အုပ်ချုပ်ရေးမှူး တွေရဲ့ ထရန်စဖော်မာတွေ မီးပေး
လက်ဘာမှမပေးနိုင်တဲ့ ရပ်ကွက် မီးပျက်ရေမလာ မလုံခြုံ ငွေမရှိ စက်မ၀ယ်နိုင် ပေါက်ကွဲပြီပေါ့်ဗျာ ဖွချင်တဲ့သူက စပွန်ဆာပေးမယ်
ပေါက်ကွဲနေတဲ့ လူထုက ထုတ်ဖော်မယ် လုပ်ထုံးလုပ်နည်းတွေ ငါမသိ ငါ မီးလင်းချင်တယ်
ဒီလိုလုပ်ရင် လင်းမလား လင်းနိုင်တယ် ဒါဆို ချမယ်
ထွက်ပြီပေါ့်ဗျာ တောင်းပန်ပါ
ရှင်းပြပါ အသိပေးပါ လူထုကို
ပွင့်ပွင့်လင်းလင်း ၀န်ခံပါ ဒါဆိုရမယ် ခုတော့ မဟုတ် အကြံပေးရဲ့ စကားကလဲ
ဒေါသထွက်ချင်စရာ အဆင့်မရှိလိုက်တာ
ပြောလို့ပြောတာမဟုတ်ဘူး
ခုထိ မြန်မာပြည်မှာ လူထု မျက်နှာ
ထောက်ထားတဲ့ ကိုယ်ချင်းစာတဲ့ ငဲ့ ညှာတဲ့
မိန့်ခွန်းမျိုး ဗိုလ်ချုပ်ကလွဲရင် ဘယ်သူမှ ကို ပြောတာ မတွေ့သေးဘူးဗျ
ချင်းတောင်မှာ သရော်တဲ့ဟာသလေး ကို သွားသတိရမိပါ့
တစ်ခါက ရွာမှာ နွားနောက်တစ်ကောင်က
ခေါင်ဖတ်တွေထည့်ထားတဲ့အိုးထဲ ခေါင်းထိုး ပြီးစားနေတာ ကုန်လဲကုန်ရော ခေါင်းက
ပြန်ထုတ်မရဘူး အဲဒီမှာ ပိုင်ရှင်က
ပျူးပျူးပြာပြာနဲ့ နွားနောက် ခေါင်းဆွဲ မရ
အိုးကိုဆွဲထုတ် မရ မပြီးချွတ် လဲမရ
ပြဿနာပဲ ရွာထိပ်က အသက်ကြီးကြီးအဘ တစ်ယောက်ကိုသွားမေးတာလေ ဒီလို ဒီလို ဖြစ်နေတယ် နွားနောက်ခေါင်းကို
ပြန်လိုချင်တယ်ပေါ့် ထုတ်မရဖြစ်နေတယ်အဘ ရယ် ဘာညာပေါ့် အဲဒီမှာ
ပြင်ငြာရှိ ဒုက္ခမိန်က ဒါများလွယ်လွယ်လေး
အပါ့ နွားနောက်ခေါင်းဖြတ်လိုက်ပေါ့် ခဏနေတော့ ခုနက လူပြန်လာ အဘ ခေါင်းကို
အိုးထဲမှာကျန်ခဲ့တယ်ဗျ မင်းကလဲ ခက်ပြန်ရော
အိုးကို ခွဲလိုက်ကွာ လို့ ပြောတော့ ပြေးပြန်ရော
ဟော ပြန်လာပြီ မောကြီးပန်းကြီးနဲ့ အဘ ရေ ခေါင်းကြီးရပြီဗျ တဲ့  ကျေးဇူးပါဗျာ အဘကို ခေါင်းဟင်းရည်လေးနဲ့
ခေါင်လေးလာပို့အုံးမယ်တဲ့ အဲဒီတော့စောစောက
ပြင်ငြာရှိဆိုတဲ့သူက ပြောတယ်တဲ့ဗာ အေးပေါ့်ကွာ မင်းတို့ ရွာ ငါရှိနေလို့ပေါ့် ငါများသေသွားရင် ဒုက္ခ တဲ့ သြော်
သမ္မတ အကြံပေးကြီးများစောစော သေသွားရင်ဖြင့် မြန်မာပြည်တော့ အကျီးအကြယ် ကို ဒုက္ခ ဒုက္ခ
No comments:
Post a Comment