ဖွံ့ ဖြိုးတိုးတက်တဲ့ တိုင်းပြည်တစ်ခု ဖြစ်ချင်ကြတယ်မဟုတ်လား မြန်မာပြည်ကြီး အာဆီ ယံအလယ်မှာ ၀ံ့ ၀ံ့ ကြွားကြွား မြင်ချင်ကြတယ်မဟုတ်လား ကမ္ဘာ့အလယ်က ကျယ်လွန်း လို့ ပါ ဒါဆိုရင် ဘယ်လိုသွားကြမလဲ ဘာတွေပြင်ဘို့လိုလဲအခုသွးနေတာ ဖြောင့်ရဲ့လား မှန်ရဲ့လား ၀ိုင်းပြီးပြင်ကြရအောင်ပါ
Friday, May 25, 2012
မင်းတို့တိုင်းပြည် ငါမရှိရင် သိမယ်
မျှော်လင့်တာက အဲဒီလိုမဟုတ်ဘူးဗျ ဒါပေမဲ့ သမ္မတကြီးရဲ့အကြံပေးက ပြောထွက်ရက်လိုက်တာ ပြည်သူတွေ ဘာများမှားနေသလဲ ဘာလို့ပြောရက်သလဲ နောက်ဆုံးတော့ ဒီပုပ်ထဲက ပဲ ဒီပဲပါပဲလား ပေါ့ လူထု လိုချင်တာက ပွင့်လင်းမြင်သာမှု ဖြစ်ပါလိမ့်မယ် မရိုင်းပါဘူး ရှင်းပြပါ ရိုးရိုးသားသား လုပ်စေချင်တာပါ မလာဘူး ဘာလုပ်ချင်လဲ ဘာဖြစ်ချင်လဲ အောက်မှာ တာဝန်ရှိတဲ့ဝန်ထမ်းက မသိဘူး မကျေနပ်ရင် သမ္မတ သွားပြောဆိုတာမျိုး တွေ နဲ့ ရင်ဆိုင်နေရတဲ့ အောက်ခြေပြည်သူက သနားစရာပါ ဖြစ်စဉ်က ဒီလိုပါဗျာ မိုးရေက ဘယ်လို တာဝါတိုင်တွေက ဘယ်ချမ်းသာ စက်တွေက ဘာဖြစ်နေလို့ စသဖြင့် ပေါ့် လက်ခံပါတယ် ကျွန်တော်တို့ အဲဒါကြောင့် မီးကို လက်ရှိဘယ်လိုလေးပေးမှဖြစ်မယ်ဗျာ ခဏလေး သီးခံပေးပါ သိပ်မကြာပါဘူး ဘာညာ ဆို လူထု ကို ရှင်းပြ ပွဲက ပြီးပြီ ခုတော့ မဟုတ်ဘူး မြို့ မေတ္တာခံယူမဲ့ လျှပ်စစ်ဝန်ထမ်းက မီးပျက်တာ ဂွင် ပဲ အပေါ်ကနဲနဲအောက်က သဲသဲ
လုပ်ပြီ
အာရ်ကေ ပေးတဲ့ လုပ်ငန်းရှင် ထရင်စဖော်မာ များများလင်း ကြောက်ရတဲ့
လှယ်လှယ်ကြီးတွေ ပုလင်းတူဘူးဆို့ အုပ်ချုပ်ရေးမှူး တွေရဲ့ ထရန်စဖော်မာတွေ မီးပေး
လက်ဘာမှမပေးနိုင်တဲ့ ရပ်ကွက် မီးပျက်ရေမလာ မလုံခြုံ ငွေမရှိ စက်မ၀ယ်နိုင် ပေါက်ကွဲပြီပေါ့်ဗျာ ဖွချင်တဲ့သူက စပွန်ဆာပေးမယ်
ပေါက်ကွဲနေတဲ့ လူထုက ထုတ်ဖော်မယ် လုပ်ထုံးလုပ်နည်းတွေ ငါမသိ ငါ မီးလင်းချင်တယ်
ဒီလိုလုပ်ရင် လင်းမလား လင်းနိုင်တယ် ဒါဆို ချမယ်
ထွက်ပြီပေါ့်ဗျာ တောင်းပန်ပါ
ရှင်းပြပါ အသိပေးပါ လူထုကို
ပွင့်ပွင့်လင်းလင်း ၀န်ခံပါ ဒါဆိုရမယ် ခုတော့ မဟုတ် အကြံပေးရဲ့ စကားကလဲ
ဒေါသထွက်ချင်စရာ အဆင့်မရှိလိုက်တာ
ပြောလို့ပြောတာမဟုတ်ဘူး
ခုထိ မြန်မာပြည်မှာ လူထု မျက်နှာ
ထောက်ထားတဲ့ ကိုယ်ချင်းစာတဲ့ ငဲ့ ညှာတဲ့
မိန့်ခွန်းမျိုး ဗိုလ်ချုပ်ကလွဲရင် ဘယ်သူမှ ကို ပြောတာ မတွေ့သေးဘူးဗျ
ချင်းတောင်မှာ သရော်တဲ့ဟာသလေး ကို သွားသတိရမိပါ့
တစ်ခါက ရွာမှာ နွားနောက်တစ်ကောင်က
ခေါင်ဖတ်တွေထည့်ထားတဲ့အိုးထဲ ခေါင်းထိုး ပြီးစားနေတာ ကုန်လဲကုန်ရော ခေါင်းက
ပြန်ထုတ်မရဘူး အဲဒီမှာ ပိုင်ရှင်က
ပျူးပျူးပြာပြာနဲ့ နွားနောက် ခေါင်းဆွဲ မရ
အိုးကိုဆွဲထုတ် မရ မပြီးချွတ် လဲမရ
ပြဿနာပဲ ရွာထိပ်က အသက်ကြီးကြီးအဘ တစ်ယောက်ကိုသွားမေးတာလေ ဒီလို ဒီလို ဖြစ်နေတယ် နွားနောက်ခေါင်းကို
ပြန်လိုချင်တယ်ပေါ့် ထုတ်မရဖြစ်နေတယ်အဘ ရယ် ဘာညာပေါ့် အဲဒီမှာ
ပြင်ငြာရှိ ဒုက္ခမိန်က ဒါများလွယ်လွယ်လေး
အပါ့ နွားနောက်ခေါင်းဖြတ်လိုက်ပေါ့် ခဏနေတော့ ခုနက လူပြန်လာ အဘ ခေါင်းကို
အိုးထဲမှာကျန်ခဲ့တယ်ဗျ မင်းကလဲ ခက်ပြန်ရော
အိုးကို ခွဲလိုက်ကွာ လို့ ပြောတော့ ပြေးပြန်ရော
ဟော ပြန်လာပြီ မောကြီးပန်းကြီးနဲ့ အဘ ရေ ခေါင်းကြီးရပြီဗျ တဲ့  ကျေးဇူးပါဗျာ အဘကို ခေါင်းဟင်းရည်လေးနဲ့
ခေါင်လေးလာပို့အုံးမယ်တဲ့ အဲဒီတော့စောစောက
ပြင်ငြာရှိဆိုတဲ့သူက ပြောတယ်တဲ့ဗာ အေးပေါ့်ကွာ မင်းတို့ ရွာ ငါရှိနေလို့ပေါ့် ငါများသေသွားရင် ဒုက္ခ တဲ့ သြော်
သမ္မတ အကြံပေးကြီးများစောစော သေသွားရင်ဖြင့် မြန်မာပြည်တော့ အကျီးအကြယ် ကို ဒုက္ခ ဒုက္ခ
Human Development Of NLD
ဒီချုပ် အမတ်တွေ BC (British Council) မှာ အင်္ဂလိပ်စာ အရည်အချင်းစစ်
Browse › Home › မြန်မာ့သတင်း » ဒီချုပ် အမတ်တွေ BC (British Council) မှာ အင်္ဂလိပ်စာ အရည်အချင်းစစ်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီစဉ်ညွှန်ကြားချက်အရ ကြားဖြတ်ရွေးကောက်ပွဲမှာ
အနိုင်ရရှိထားတဲ့ ဒီချုပ် အမတ်တွေ BC (British Council) မှာ အင်္ဂလိပ်စာ
အရည်အချင်း စစ်စာမေးပွဲတွေ ဖြေဆိုထားကြ တယ်လို့ လွှတ်တော် ကိုယ်စား
လှယ်တစ်ဦးဖြစ်သူ ဒေါ်မေ၀င်းမြင့်က ပြောပါတယ်။
နိုင်ငံခြားသွားတဲ့အခါ ဘယ်သူတွေ ကိုယ့်ဖာသာကိုယ် ဆွေးနွေးနိုင်မယ်၊
ဘယ်သူတွေကတော့ ဘာသာပြန်လိုမယ် ဆိုတာ သိနိုင်အောင်
အခုလို ပြင်ဆင်ထားတာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် လှည်းကူး
အမတ်ကိုဖြိုးမင်းသိမ်းက ပြောပါတယ်။
သူ့အနေနဲ့ ၅ လပိုင်း ၁၆ ရက်နေ့က BC မှာစာမေးပွဲ ၀င်ဖြေခဲ့ပြီး ကျန်တဲ့
လွှတ်တော်ကိုယ်စားလှယ် အကုန်လုံးလည်း ဖြေထားပြီးပြီလို့ ပြောပြပါတယ်။
ဖြေထားတဲ့ result level တွေကြည့်ပြီး လိုအပ်တဲ့ သူတွေကို အဖွဲ့ချုပ်က
နောက်ထပ် သင်ကြားမှုတွေ ဆက်လုပ်ပေးဦးမှာ ဖြစ်တယ်လို့ ကိုဖြိုးမင်းသိမ်းက
ပြောပါတယ်။ ဒါဟာ လွှတ်တော်အမတ်တွေ အရည်အချင်း မြင့်မားရေး
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်ရိုက်အစီအစဉ် ဖြစ်တယ်လို့ သူကပြောပါတယ်။
ဒီဗွီဘီ

4 comments:
- thawmyoh said...
Monday, May 21, 2012
Saturday, May 19, 2012
သူ့နေရာ နဲ့ သူ
တွေးမိတွေးရာလေးပါ
ဆံပင်ညှပ်ဆိုင်မှာ ကိုယ့်အလှည့်ကို စောင့်ယင်း ဂျာနယ်လေးတစောင်ကို ဖတ်နေခိုက် ဆံပင်ညှပ်ဆရာက သူ့မိန်းမကို ပြောလိုက်သံကြားလိုက်မိတော့ အမှိုက်တွေရှုပ်
တယ်ကွာ သိမ်းလိုက်ပါအုံးတဲ့ လူတစ်ယောက်ရဲ့ခေါင်းမှာ အထွပ်အမြတ်ထားရတဲ့ဆံပင် က ခေါင်းမှာရှိနေတုံးက ကျက်သရေရှိလိုက်တာ လှလိုက်တာ တင့်တယ်လိုက်
တာ နော်တဲ့ ခေါင်းပေါ်ကနေလဲ ဖြတ်ချလိုက်လို့ အောက်လဲရောက်ရော အမှိုက်တဲ့ ကြောက်စရာနော် အပြောင်းအလဲ ဆက်ပြီးတွေးကြည့်မိလိုက်တာ
သစ်ပင်ပေါ်မှာရှိနေတဲ့ သစ်ရွက်တွေ စိမ်းစိုနေတာပဲ လှလိုက်တာ အညွန့်လေးများခူးပြီး တို့စားလိုက်ရ ဟင်းချိုလေးများကျိုပြီးသောက်လိုက်ရ မြေပဲဆံလေး
လှော်ပြီးထောင်းသုတ်လိုက်ရ ဟော စိတ်ကူး သူ့အလိုလိုများ ကြွေကျသွားလို့ကတော့ အမှိုက် ဗျ တကယ့်ကို အမှိုက် မီးရေးထင်းရေးကြောက်ရ တဲ့ အမှိုက်
အင်းလူတွေကိုဗျာ စဥ်းစားမိ ကျောင်းဆရာတွေ စာသင်ချိန် ကျောင်းပြင်ပရောက်နေရင် ရုံးဝန်ထမ်းတွေ ရုံးချိန်မှာ ပြင်ပရောက်နေရင် တောရိုင်းတိရစ္ဆာန်
တွေ တောထဲမရှိရင် မြစ်ရေတွေ မြစ်ထဲစီးဆင်းခွင့်မရ ရင် အင်း တစ်စုံ တစ်ယေက်ကများ စစ်သားတွေ စစ်တမ်းလျား မှာ မရှိရင်ကောဗျာ လို့ မေးခဲ့ရင်
လောကကြီး မှာ သက်ရှိသက်မဲ့ သတ္တ၀ါအားလုံးဟာ သူ့နေရာမှာ သူမရှိ ရင် အမှိုက်ပါလားနော်

0
|
Share▼
Comment
စပ်မိစပ်ရာလေးတွေပါ
ယိုင်တိယိုင်တိုင် ချိနဲ့နဲ့
ကော်နက်ရှင်လေးကို စိတ်ရှည်လက်ရှည်စောင့်ဆိုင်းသီးခံပြီး ဆန္ဒပြင်းပြနေတာလေးတွေကို ရင်ဖွင့်ပြတာဆိုလဲ
မမှားပါဘူးဗျာ အင်တာနက်စသုံးတော့ ကိုယ်သိရတဲ့အခြေအနေအရ ကမ္ဘာပေါ်မှာ မကောင်းတာတွေ အကုန်လုံးက
မြန်မာက ထိပ်ကဗျ ကောင်းတာတွေ ကြည့်ပြန်တော့လဲ မြန်မာက နောက်ဆုံးဖြစ်ပြန်ရော မဆိုးပါဘူး
ဂုဏ်ယူမယ်ဆိုရင် လဲ ဂုဏ်ယူရမလိုလိုပဲ ရွေးကောက်ပွဲတဲ့ ကြည့်ပါအုံး ကိုခြင်္သ့တို့ ဘ၀ပျက်လိုက်ပုံများ
ပြည်သူက ချစ်မယ်ထင်နေတာ နှစ်ပေါင်း၂၀ကျော် လုပ်ထားတာ ဘာ့ကြောင့်လဲ ဘာ့ကြောင့်မဲ မရတာလဲ အကျိုးရှိသင့်သလောက်လဲ ရှိ
ခိုးသင့်သလောက်လဲ မက ခိုးထားတာလဲ ပြည်သူက သိ ရာထူးအဆင့်အတန်းနဲ့ မလိုက် ပိုင်ဆိုင်ချမ်းသာမှု
က ကြောက်ခမန်းလိလိ ဟိုတုံးက မြို့ပိုင်တောင် အဲလောက်မပိုင်ဘူး အောက်က ၀န်ထမ်းတွေက နေ့လည်ထမင်းစားပြီး
ညစာ ကို ဆိုက္ကားနင်းပြန်မှ ဆန်လေး ၂ဗူး ၃ဗူး ၀ယ်ပြီးချက်နေကြချိန်မှာသူတို့ကKTVမှာ
သူများသားသမီးကို ဘီယာတိုက်ယင်း ခါးဖက်ယင်း အဲယားကွန်းခန်းထဲမှာ တနေ့တာ ပင်ပန်းနွမ်းနယ်စွာ
ခိုးထားတာတွေကို အနားယူအပန်းဖြေနေကြတာတွေကလဲ
ဝန်ထမ်းများရဲ့ မညီမျှမှု တရားမျှတမှုမရှိမှု
ကွာဟချက်ကြီးမားမှု တခုလေ ဒါနဲ့များ ပြည်သူတွေကို
အလုပ်အကျွေးပြုနေတာလို့ ပြောထွက်ရဲသေး
လုပ်သင့်တာက အမတ်တွေကို အရည်အသွေးပြည့်ဝတဲ့သူတွေဖြစ်ဘို့
အရင်လုပ်သင့်တယ်ဗျ ဘာလို့လဲဆို အစိုးရဆိုတာ လွှတ်တော်ရဲ့အောက်မှာမဟုတ်လားလွှတ်တော်ကခိုင်းတဲ့လမ်းအတိုင်းလျှောက်ကြရမဲ့သူတွေက၀န်ကြီးတွေလေ
ဒါနဲ့တင်မပြီးသေးဘူး သန့်ရှင်းတဲ့ကောင်းမွန်တဲ့အစိုးရဖြစ်ဘို့အမတ်တွေကလဲသန့်ရှင်းဘို့ကောင်းမွန်ဘို့
အရည်အသွေးပြည့်ဝဘို့လိုပြန်ရောဟောလုပ်ပြန်ပြီ ပြည်သူ့အချစ်တော်သမ္မကြီးကမြန်မာနိုင်ငံလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအကြံပေးကောင်စီ
ဖွဲ့မယ် ရှေးရိုးစွဲ အယူရှိသူ ဆိုလိုချင်တာက ပြောင်းလဲမှု ကို မကြိုက်နှစ်သက်သူပေါ့်လေ
ထားရစ်ခဲ့မယ်တဲ့ဗျား ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်ကို ရောက်နေတဲ့ မြန်မာနိုင်ငံရဲ့
အခြေနေပေါ်မှာမူကောင်းပြီးလူ မကောင်းရင် မကောင်းတဲ့လူကို ထားရစ်ခဲ့မယ်ပေါ့်လေ ကောင်းလိုက်တာ
တကယ် တကယ်ပါ ဘယ်လိုလေးစားရမှန်းကိုမသိ
ကျေှးဇူးရှင် သမ္မကြီးရယ် မကြာမှီ မှာ
ဆီးဂိမ်း နောက် အာဆီယံဥက္ကဌကြီး ပြီးရင်
ပြီးရင် လာမဲ့
လာလတ္တံ့
လာအုံးမဲ့ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုများ အလွန်မတန် မဟာဗျူဟာ ကျနေတဲ့မြန်မာနိုင်ငံ ဟာ စံနစ်ပဲအဓိကပြောင်းလိုက်ရင်
တိုးတက်မှု
အစ ကိုမြင်တွေ့ရမယ် အဲ စံနစ် ( မူ) ပြီးရင် သမ္မကြီးပြောသလို လူတွေပါ ပြောင်းလိုက်လို့ ကဖြင့် တိုးတက်လိုက်မဲ့ဖြစ်ချင်း ဒီနေ့လဲလုပ်လိုက်ပြန်
ပြီ စာနယ်ဇင်းကော်မတီ ဖွဲ့အုံးမယ်တဲ့ဗျား အချိုပေါ် သကာလောင်း ကောင်းမှကောင်းဗျို့
စတုတ္ထမဏ္ဍိုင် ပီပြင်စေရေး အလေးပေးဆောင်ရွက်မယ်တဲ့ ကောင်းမှ-- ဟာ--!! သွားပါပြီ မီးပျက်ပြီ အင်တာနက်ဆိုင်က ၀ိုင်ဖိုင် ဖြုတ်တော့မှာ
ဘက်ထရီစစ်ကြည့်အုံးမှ တော်သေး --ဒီနေ့ ငါတို့လိုင်းအလှည့်ပါ ကဲတော်ပါပြီ ဖွံ့ဖြိုးတိုးတက်တဲ့အဆင့်ကိုနောက်
မှ ပဲ သွားတော့မယ်
ဘဘ သမ္မတ ကြီးရယ် သားသားတို့သိတာကလေ ဘယ်အချိန် ခလုပ်ဖွင့်
လိုက် လာနေရမယ် ဘယ်အချိန်မှာပဲ ဘယ်နံပါတ် နှိပ် လိုက် ဆက်သွယ်မှု ပြင်ပ မရောက်ချင်ပါ ဘယ်ရုံးသွားသွား လုပ်ပါအုံး ဆိုပြီးဈေးအလွန်မတန်ကြီးသော လက်ဘက်ရည်ဘိုးလေး
ပေးနေရတာ တွေ ကို အရင်လုပ်ပေးပါအုံးလို့ တောင်းပန်ပါရစေ ခင်ဗျား
ပြေးလမ်းကိုရောက်ပြီလား
ပြည်သူ့အချစ်တော်သမ္မတကြီးရဲ့ ပြောင်းလဲမှုနှုန်းတွေကအံ့သြလောက်အောင်ကို မြန်လွန်းနေ
တော့ ကမ္ဘာ့နိုင်ငံများတောင်မျက်စိလည်ကုန်တယ် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှု စီးပွားရေးပြုပြင်ပြောင်းလဲမှုများ အတွက်ဖွဲ့လိုက်တဲ့ ကောင်စီတွေ ကော်မရှင်တွေ ကလဲ ဒေါင်ဒေါင်မြည် ထောက်ခံလိုက်ကြတဲ့ နိုင်ငံတကာခေါင်းဆောင်များရဲ့အဆိုတွေ အကြံ ဥာဏ်တွေ ခန့်မှန်းချက်တွေကလဲ မစားရ ၀ခမန်း တကယ်ပါ မြန်မာပြည်ကြီး နေ့ချင်း ညချင်း မလေးရှားကဲ့သို့ စင်္ကပူကဲ့သို့ အင်ဒိုကဲ့သို့ ဖွံ့ဖြိုးတိုးတက်တော့ မလိုလို ကဲ ကျွန်တော် တို့ လက်ရှိအခြေအနေက ဘယ်အဆင့်မှာလဲ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကောင်စီအဖွဲ့ ကလဲ ခိုင်မာလိုက်တာမှ ထိပ်ထိပ်ကြဲတွေချည်း ပဲ ဒါဆိုရင် ကျွန်တော်တို့်က တာထွက်ဘို့ အသင့်အနေအထားမှာလား မဟုတ်ရင် တာထွက်ပြီးသွားလို့ လက်ရှိ ပြေးလမ်းမပေါ်ကို ရောက်နေပြီလားသေချာတာကတော့ ကျွန်တော်တို့ တာထွက်နောက်ကျတာတော့ ငြင်းလို့မရပါဘူးနော်
ဒါဆိုရင် ဘယ်လိုပြေးကြမလဲ ဘယ်စံချိန်နဲ့ပြေးမလဲ လှည့်မကြည့်ပါနဲ့ နောက်မှာ မည်သူမှမရှီရှေ့ မှာ ရှိနေကြတဲ့ သူတွေထဲက ဘယ်သူ့ ကို စပြီး မှီအောင်လိုက်မလဲ ဘယ်လို မူဝါဒနဲ့စံနစ်နဲ့ပြေးမလဲ ဒုတိယ ဘယ်သူ့ကို ကျော်မလဲ မဟာဗျူဟာတွေ ဘယ်လိုချ မှတ်ဆောင် ရွက်ကြမလဲအလွန်စိတ်ဝင်စားစရာကောင်းပါတယ် မူဝါဒချမှတ်သူရယ် အကောင်အထည်ဖော်ကြမဲ့သူတွေ ခံစားကြမဲ့ပြည်သူတွေရယ်ဟန်ချက်ညီညီ ပြေးကြမယ်ဆို
လို့ ကတော့ ကျွန်တော်တို့လိုချင်တဲ့ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံသစ်ကြီးဆီ ကို မြေကြီးလက်ခတ်မလွဲ ရောက်ရမှာပေါ့်လေ

Subscribe to:
Posts (Atom)