Saturday, June 2, 2012

ဒီမှာ ဟေ့ ဟေ့ နောက်လှည့် ကာလေ မကြည့် နဲ့

ပြောပြန်ရင် အမေ လွန်ရာကျမယ်

စီမံကိန်းကြီးများတွင် ပွင့်လင်းမြင်သာမှု ရှိရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ထိုင်းနိုင်ငံက မြန်မာပြည်မှာ အေကာင်အထည်ဖော်နေတဲ့ ထားဝယ် အထူးစီးပွားရေးဇုန် အပါအဝင် စီမံကိန်းကြီးတွေနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှု မရှိရင် အနာဂတ်မှာ ပြဿနာတွေ ဖြစ်လာနိုင်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဘန်ကောက်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တယောက်ရဲ့ အမေးကို
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။

“ပွင့်လင်းမြင်သာမှုက သိပ်ကိုအ ရေးကြီး ပါတယ်။ ပွင့်လင်းမြင်သာမှု ရှိဖို့ လိုပါတယ်။ မြန်မာပြည်မှာ ရင်းနှီးမြုပ်နှံမှု လုပ်ချင်သူတွေကို ပြောချင်တာ က မြန်မာပြည်မှာ ဘာပဲလုပ်လုပ် ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်ကြပါ။ ရင်းနှီးမြုပ်နှံမှု ကိစ္စတင်မကပါဘူး၊ ဖွံ့ဖြိုးရေး အကူအညီတွေ၊ လူသားချင်း
စာနာမှု အကူအညီတွေမှာလည်း ပွင့်လင်းမြင်သာမှု ရှိဖို့ လိုအပ်ပါတယ်။ ဒါမှ နောင်မှာ ဖြစ်လာနိုင်တဲ့ ပြဿနာတွေ ကို ရှောင်ရှားနိုင်ပါလိမ့်မယ်။

ဒါကြောင့် စီမံကိန်းတွေ လုပ်ကိုင်တဲ့အခါမှာ၊ အကူအညီတွေပေးတဲ့အခါမျိုး
မှာ ပြည်သူတွေအတွက် သိခွင့်ရနိုင်တဲ့ ပွင့်လင်းမြင်သာမှု လိုအပ်တယ်
လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ထားဝယ်စီမံကိန်းအပါအဝင် တခြားအကျိုးတူစီမံကိန်းကြီးမှာ ပြဿနာ
ဖြစ်နေရတဲ့အကြောင်းက မြန်မာပြည်သူတွေဟာ ဒီလိုကိစ္စတွေကို လုံးဝကို ဘာတခုမှ သိခွင့်မရကြပါဘူး၊ စာချုပ်က ဘယ်လိုဖြစ်တယ်၊ ဘာတွေ လုပ်နေတယ်၊ ဘာတွေ ဖြစ်မလဲ ဆိုတာမျိုးတွေကို သိခွင့် မရကြပါဘူး။
အခြေအနေတွေကို ဆွေးနွေးခွင့်တွေ၊ အမြင်ချင်း ဖလှယ်ခွင့်တွေ မရကြပါဘူး။ ဒါဟာ တိုင်းပြည်အတွက် သိပ်ကို အန္တရာယ်များပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အန္တရာယ် ရှိပါတယ်။ သံသယနဲ့ မယုံကြည်မှုတွေကို တိုးပွားလာစေနိုင်ပါတယ်။ ဒါကြောင့် ရင်းနီးမြှုပ်နှံမှု လုပ်တဲ့အခါတိုင်းမှာ အစိုးရချင်းသဘောတူ လက်မှတ်ထိုးတာပဲဖြစ်ဖြစ်၊ အကူအညီတွေ ပေးတော့မယ် ဆိုရင် ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ကြ
ပါ။ ပြည်သူတွေက နားလည်ခွင့်ရတဲ့အခြေအနေ၊ ဘာတွေ လုပ်မယ်၊ ဘယ်သူအတွက် အကျိုးရှိမလဲ ဆိုတာကို ရှင်းအောင်လုပ်ကြပါ။ ဒီလိုမှ မဟုတ်ရင် အကျိုးအမြတ်က တဖွဲ့ တဖွဲ့၊ ဒါမှမဟုတ် လူတဦးတယောက်
အတွက် ဖြစ်သွားနိုင်ပါတယ်။”မြန်မာပြည်မှာ အစိုးရက နိုင်ငံခြား ရင်းနှီး
မြှုပ်နှံမှုလို ဥပေဒမျိုးကို ပြည်သူတွေ အသိမပေးဘဲ ရေးဆွဲ ထားတာကို
လည်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်ပါတယ်။နိုင်ငံခြား ရင်းနှီး
မြှုပ်နှံသူတွေအနေနဲ့ မြန်မာပြည်မှာ အခြေခံအဆောက်အဦတွေ ပြည့်စုံတဲ့ အချိန်အထိ မစောင့်ကြဘဲ ကိုယ်တိုင်က အခြေခံ အဆောက်အဦတွေကို တစိတ်တပိုင်း တာဝန်ယူတာမျိုး၊ အလုပ်အကိုင်တွေကို မြန်မြန် ဖန်တီးပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုမျိုးကို သူ့အနေနဲ့ လိုလားတယ်လို့ လည်း
ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

DVB

0 c

မြန်မာ ကို ကမ္ဘာ က သိသွားပြီ (ဘယ်သူ့ကြောင့်လဲ)

ဒေါ်အောင်ဆန်းစုကြည် ၏ ဥရောပခရီးစဉ်မြန်မာ့ဒီမိုကရေစီရေး အတွက်ပိုမိုအကျိုးရှိနိုင်

လာမည့်ဂျွန်လ ၁၄ ရက်မှ စတင်မည့်   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်
ဆန်းစုကြည်၏ဥရောပခရီးစဉ်သည် မြန်မာ့ဒီမိုကရေစီစနစ်အုတ်မြစ်ခိုင်မာမည့်အခြေ
အနေမျိုးသို့ရောက်ရှိနိုင်ကြောင်းနော်ဝေးနိုင်ငံဝန်ကြီးချုပ်ဟောင်းရှယ်လ်မက်ခ်နဲဘွန်
ဒယ်ဘစ်ခ် (Kjell Magne Bondevik)ကယနေ့မြန်မာသတင်းဌာနကိုပြောဆိုပါသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်ကနေ မြန်မာနိုင်ငံအတွက်၊အလွန်အသုံးဝင်ပြီးအကျိုး
ရှိတဲ့ကိစ္စတွေဖော်ဆောင်နိုင်မှာပါ၊ နှစ်ပေါင်းများစွာစစ်အာဏာရှင်စနစ်နဲ့အုပ်ချုပ်ခဲ့တဲ့
မြန်မာနိုင်ငံမှာ၊ဒီမိုကရေစီနဲ့ဖွံ့ဖြိုးရေးအတွက် အထောက်ပံ့အကူညီတွေရမှာဖြစ်သလို၊မြန်မာ့ဒီမိုကရေစီရေးအတွက်ခိုင်မာတဲ့
အုတ်မြစ်ချနိုင်မှာဖြစ်ပါတယ်”ဟု ယနေ့မြန်မာသတင်းအယ်ဒီတာကိုညိုနှင့် သီးသန့်တွေ့ဆုံမေးမြန်းရာတွင်ပြောဆိုခဲ့ခြင်း
ဖြစ်သည်။

၂၀၀၅ခုနှစ်မှစ၍ရာထူးမှအနားယူခဲ့သည့်နော်ဝေး၀န်ကြီးချုပ်ဟောင်းသည်၊ဒေါ်အောင်
ဆန်းစုကြည်ပထမဆုံးနေအိမ်အကျယ်ချုပ်မှလွတ်မြောက်ပြီး၂၀၀၆ခုနှစ်မှစ၍ရန်ကုန်မြို့
သို့(၃)ကြိမ်တိုင်သွားရောက်တွေ့ဆုံခဲ့ပြီးဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွက်ကျနော်တို့ပျော်ရွှင်ပြီးစိတ်လှုပ်ရှားနေကြပါတယ်။
သူဟာနော်ဝေးအစိုးရ၊ပါလီမန်အမတ်တွေ၊နိုဘယ်ဆုရွေးချယ်ရေးကော်မတီအဖွဲ့ဝင်တွေနဲ့လည်း
တွေ့ဆုံမှာဖြစ်သလို၊သူ့အတွက်နိုင်ငံတော်ကသီးသန့်စီစဉ်တဲ့နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဂုဏ်ပြုပွဲမှာ
နိုဘယ်လ်မိန့်ခွန်းပြောမှာလည်းဖြစ်ပါတယ်၊၂၀၀၆ခုကစပြီးမြန်မာ့အရေးအတွက်ကျနော်တို့
အာရုံစိုက်လုပ်ဆောင်ခဲ့တယ်၊ကျနော်ကိုယ်တိုင်ရန်ကုန်ကို(၃)ကြိမ်လောက်သွားခဲ့ပြီး
ပြောဆိုဆွေးနွေးခဲ့တဲ့အချိန်တွေရဲ့ရလဒ်ဟာအခုဆိုက်ရောက်လာပါပြီ”ဟုမစ္စတာဘွန်ဒယ်ဗစ်ခ်
ကပြောသည်။

(၂၄)နှစ်အတွင်းဒုတိယမြောက်ပြည်ပခရီးစဉ်အဖြစ်ဥရောပ(၅)နိုင်ငံသို့
ခရီးလှည့်လည်မည့်၊၁၉၉၁ခုနှစ်နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်သည်
ရန်ကုန်မြို့မှဂျွန်လ(၁၄)တွင်စတင်ထွက်ခွါလာမည်ဟုသိရှိရသည်။ဂျွန်လ(၁၅)ရက်ဆွီဇာလန်နိုင်င်
တွင်ကျင်းပမည့်အပြည်ပြည်ဆိုင်ရာအလုပ်သမားများနေ့အခမ်းအနားတွင်မိန့်ခွန်းပြောပြီး
နောက်နော်ဝေးနိုင်ငံသို့ခရီးဆက်မည်ဟုသိရသည်။

နိုင်ငံတကာမိသားစု၏အထူးထောက်ခံစိတ်ဝင်စားမှုခံနေရသည့်မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်သည်သူ့ကိုဂုဏ်ပြုမည့်နိုဘယ်လ်အခမ်းအနားကျင်းပမည့်
ဂျွှန်လ(၁၆)ရက်နေ့လည်(၁၁)နာရီတွင်ဝန်ကြီးချုပ်ဟောင်းဘွန်ဒယ်ဘစ်ခ်ဦးစီးသည့်
အော်စလိုစင်တာ၌၊အကန့်အသပ်နှင့်ဖိတ်ကြားထားသည့်၊နိုင်ငံတကာနှင့်
၊နော်ဝေးတတ်သိပညာရှင်အနည်းငယ်တို့နှင့်အတူဒီမိုကရေစီရေးဆိုင်ရာဆွေးနွေးခြင်းနှင့်
အပြန်အလှန်အမေးအဖြေပြုလုပ်မည့်အစီအစဉ်ရှိကြောင်းလည်းသိရသည်။

“ကျနော်နောက်ဆုံးအကြိမ်(ဂျွန်လ၁၅ရက်၂၀၁၂)ရန်ကုန်မှာသူနဲ့တွေ့တော့၊ကျမအော်စလိုကို
မိန့်ခွန်းပြောဘို့၊အင်တာဗျူးအမေးအဖြေလုပ်ဖို့လောက်နဲ့တော့မလာချင်ပါဘူး၊ကျမလူတွေနဲ့
စကားပြောဆို၊ဆွေးနွေးချင်တာပါ၊လို့ပြောခဲ့တာကိုမှတ်သားထားပြီး၊အော်စလိုငြိမ်းချမ်းရေး
စင်တာရုံးခန်းမှာဒီကပုဂ္ဂိုလ်တချို့ကိုဖိတ်ကြားပြီး၊သူနဲ့တွေ့ဆုံဆွေးနွေး၊မေးမြန်းစကားပြောကြဘို့
စီစဉ်ထားပါတယ်”ဟုမစ္စတာဘွန်ဒယ်ဘစ်ခ်ကပြောသည်။

နော်ဝေးနိုင်ငံဘုရင်နှင့်တော်ဝင်မိသားစုပါတက်ရောက်မည့်၁၉၉၁နိုဘယ်ငြိမ်းချမ်းရေးဆုရှင်
အားဂုဏ်ပြုမည့်အခမ်းအနားသည်နိုဘယ်လ်ဆုချီးမြှင့်သည့်သမိုင်းတွင်တကြိမ်မှမရှိခဲ့ဘူးသော
ဒုတိယအကြိမ်မြောက်ကျင်းပသည့်နိုဘယ်လ်အခမ်းအနားပင်ဖြစ်သည်။ပထမအကြိမ်
၁၉၉၁ခုနှစ်အတွက်နိုဘယ်ငြိမ်းချမ်းရေးဆုကိုနေအိမ်အကျယ်ချုပ်ကျခံနေရသူ
အားချီးမြှင့်မှုမှာလည်းနိုဘယ်လ်ဆုရွေးချယ်ရေးသမိုင်းတွင်ပထမဆုံးအကြိမ်ဖြစ်ခဲ့ဘူးပါသည်။

ထိုစဉ်ကဒေါ်အောင်ဆန်းစုကြည်၏ခင်ပွန်းမိုက်ကယ်လ်အဲလစ်(၁၉၉၉ကွယ်လွန်)နှင့်သား
၂ ဦးကလက်ခံခဲ့ပါသည်။

နောက်ထပ်ထူးခြားမှုတခုကားနှစ်စဉ်နိုဘယ်လ်ဆုချီးမြှင့်သည့်အခမ်းအနားကို၊နော်ဝေးနိုင်ငံ၏
လွန်စွာချမ်းအေးလှသည့်ဒီဇင်ဘာလ၌သာကျင်းပလေ့ရှိသော်လည်း၊ယခုအခါဒေါ်အောင်ဆန်း
စုကြည်အားသီးသန့်ဂုဏ်ပြုလိုသည့်အတွက်၊ရာသီဥတုကောင်းမွန်လှပပြီးအများသူငါအားလပ်
အနားယူကြသည့်နွေရာသီတွင်ကျင်းပခြင်းပင်ဖြစ်သည်။

နိုဘယ်ဂုဏ်ပြုပွဲအပြီးညနေပိုင်းတွင်အခမ်းအနားကျင်းပမည့်မြို့တော်ခမ်းမရှေ့၌ဒေါ်အောင်
ဆန်းစုကြည်လူထုအစည်းအဝေးမိန့်ခွန်းပြောကြားရန်နော်ဝေးနိုင်ငံသားများနှင့်ဖွဲ့စည်းထား
သည့်နော်ဝေးမြန်မာကော်မတီ(NBC)နှင့်အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့တို့က
လည်းစီစဉ်ထားပါသည်။

ထိုသို့နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်နှင့်ပြည်သူလူထုတိုက်ရိုက်တွေ့ဆုံမိန့်ခွန်းပြောဆိုမည့်
အစီအစဉ်ကလည်းယခင်ကတကြိမ်မှမရှိခဲံဘူးသောအစီအစဉ်တရပ်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်(၃)ရက်ကြာနော်ဝေးနိုင်ငံ၌နေထိုင်နေစဉ်နိုဘယ်ငြိမ်းချမ်းရေး
 ကော်မတီ၏အတီးအမှုတ်များနှင့်ဂုဏ်ပြုညစာစားပွဲအပါအ၀င်၊အော်စလိုရှိနိုင်ငံဘုရင့်နန်းတော်
ဧည့်ခံပွဲ၊၀န်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးအပါအ၀င်နော်ဝေးအစိုးရအဖွဲ့နှင့်တွေ့ဆုံခြင်း၊
နိုင်ငံတကာခေါင်းဆောင်များ၊နိုဘယ်လ်ဆုရှင်များနဲ့ဖွဲ့စည်းထားသောအော်စလိုဖိုရမ်ဖွင့်
့လှစ်ပွဲကျင်းပပြီးမိန့်ခွန်းပြောခြင်း၊နော်ဝေးပါလီမန်နှင့်အော်စလိုမြို့တော်တ၀ိုက်ကြည့်ရှုလည်
ပတ်မှုများပြုလုပ်မည်ဖြစ်သလို၊နော်ဝေးနိုင်ငံ၏ဒုတိယမြို့တော်ဘာဂင်မြို့သို့သွားရောက်မည့်
အစီအစဉ်ရှိကြောင်းလည်းသိရသည်။

 ဒေါ်အောင်ဆန်းစုကြည်၏ဥရောပခရီးစဉ်အတွင်း၊နော်ဝေး၊အိုင်ယာလန်၊
အင်္ဂလန်တွင်နေထိုင်နေကြသည့်မြန်မာနိုင်ငံသားများနှင့်လည်းတွေ့ဆုံမည်ဟုသိရသည်။
ဂျွန်လ၁၆ရက်နိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်မည့်အခမ်းအနားအပြီးညနေတွင်အော်စလို
ဆိပ်ကမ်းအနီးရှိနိုဘယ်လ်ငြိမ်းချမ်းရေးစင်တာအဆောက်အဦးတွင်ဒေါ်အောင်ဆန်းစုကြည်
နှင့်မြန်မာများ(၁)နာရီကြာတွေ့ဆုံပြီးဒေါ်အောင်ဆန်းစုကြည်ကအဝေးရောက်မြန်မာများကို
သြ၀ါဒစကားပြောဆိုမည်ဟုသိရသည်။

ဒေါ်အောင်ဆန်းစုကြည်အော်စလိုသို့ဆိုက်ရောက်မည့် ဂျွန်လ၁၅ရက်နေ့လည်တွင်တည်း
ခိုရာဂရင်းဟော်တယ်(Grand Hotel)ရှေ့တွင်မြန်မာနိုင်ငံသားတိုင်းရင်းသားအစုံအညီနှင့်
သိုက်သိုက်ဝန်းဝန်းကြိုဆိုမည်ဟုလည်းသတင်းရရှိသည်။

ဂျွန်လ(၁၈)ရက်တွင်နော်ဝေးနိုင်ငံမှတဆင့်အိုင်ယာလန်သို့သွားမည်ဖြစ်ပြီး၂၀၀၉ခုနှစ်က
ဒေါ်အောင်ဆန်းစုကြည်အားချီးမြှင့်ခဲ့သည့်အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏အမြင့်
ဆုံးဆုကိုကမ္ဘာကျော်U2တေးဂီတအဖွဲ့ခေါင်းဆောင်ဘိုနိုမှတဆင့်လက်ခံယူမည်ဟုသိရသည်။

ဇွန်လ(၁၉)ရက်အင်္ဂလန်တွင်ဒေါ်အောင်ဆန်းစုကြည်၏(၆၇)နှစ်မြောက်မွေးနေ့ပွဲကိုသား(၂)
ယောက်အပါအ၀င်ဆွေမျိုး၊မိတ်သင်္ဂဟများနှင့်အတူကျင်းပမည်ဖြစ်သည်။ဂျွန်လ၂၂ရက်တွင်၊
လန်ဒန်ရှိမြန်မာအသိုင်းအ၀ိုင်းများနှင့်တွေ့ဆုံစကားပြောမည်ဖြစ်သလို၊မြန်မာ့ဆိုင်းဝိုင်းနှင့်
အတူနိုင်ငံကျော်အဆိုတော်ဒေါ်မာမာအေးလည်းဧည့်ခံဖြော်ဖြေမည်ဟ
ုသိရသည်။

ဒေါ်အောင်ဆန်းစုကြည်အင်္ဂလန်တွင်နေထိုင်စဉ်အတွင်း၊အောက်စ်ဖို့စ်တက္ကသိုလ်မှချီးမြှင့်သည့်
ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့တက်ရောက်ယူမည်ဖြစ်သလို၊အင်္ဂလန်ပါလီမန်တွင်လည်းမိန့်ခွန်း
ပြောကြားမည်ဟုသိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ဥရောပခရီးစဉ်သည်၁၀ရက်ကျော်ကြာမြင့်ပြီးပြင်သစ်နိုင်ငံ
သို့လည်းသွားရောက်လည်ပတ်မည်ဟုသိရသည်။

ကိုညို (နော်ဝေး)
နော်ဝေး၀န်ကြီးချုပ်ဟောင်းဘွန်ဒယ်ဘစ်ခ်

1 comments:

ဘိုအောင်တင် said...
အဲဒါကွ မြန်မာကိုကမ္ဘာက သိစေရမယ်ဆိုတာ
အမေသွားလေရာလာလေရာမှာ
ဘေးကင်းပါစေ

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

Friday, June 1, 2012

လဘ်ပေး ရန် မလိုသောမြန်မာနိုင်ငံ(ထမင်းဘိုးလေး)

ဆွဲဖြစ်တာကြာပေမယ့်(သမ္မတကြီး ပြောပြီးစကတည်းက) မတင်ဖြစ်သေးဘူးထင်လို့ တင်ပေးလိုက်ပါတယ်. 
ခေတ်ကို ထင်ဟပ်လွန်းလို့ ဆရာ ကသာ ရှဲု့ facebook  က ရှယ်လာတာပါနော
အနုပညာတကယ်ပြောင်မြောက်တဲ့ ကာတွန်းလေးပါ  ဆင်ဖမ်းမယ် ကျားဖမ်းမယ် လုပ်နေတဲ့ သမ္မတ အကြံပေးကြီး ရဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မတီဆိုလား ကော်မရှင် ဆိုလား  ဘယ်ရောက်သွားလဲမသိဘူး အောက်မှတော့တကယ်လဘ်ပေးနေရတုံး အဲ   မှား လို့  အောက်ရော အထက်ရော ပေးနေရတုံးပါ ဗျား
f

မနေ့က လူထုတွေရွံ့ရှာလောက်တဲ့စကားတွေသုံးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးကို ဂုဏ်ပြုချင်တဲ့သူတွေအတွက် ဆွဲထားတာပါ၊လူထုတွေ ကိုယ်ကြိုက်တဲ့အသုံးအနှုန်းဖြည့်စွတ်ပြီး အားပါးတရ ဂုဏ်ပြုနိုင်ကြပါတယ်...
 
ကဲ အကြံပေးဆိုတဲ့အတိုင်း ကိုပဲ  အကောင်းမှ မပေးတတ်တာကိုး   ကိုယ့်ထိုက်နဲ့ ကိုယ့် ကံ ခံပေတော့ဗျား  
နှစ်သက်သလို စာသားထည့်ပြီး သြဘာ ပေးနိုင်ကြပါစေသတည်း  (ဆရာကသာ )

Friday, May 25, 2012

အချစ်မီးတောက်

အချစ်မီးတောက်

တခါတလေ စိတ်မောရင် ကြည့်ရတာပေါ့်ဗျာ

မင်းတို့တိုင်းပြည် ငါမရှိရင် သိမယ်


မျှော်လင့်တာက အဲဒီလိုမဟုတ်ဘူးဗျ ဒါပေမဲ့ သမ္မတကြီးရဲ့အကြံပေးက ပြောထွက်ရက်လိုက်တာ  ပြည်သူတွေ ဘာများမှားနေသလဲ ဘာလို့ပြောရက်သလဲ နောက်ဆုံးတော့ ဒီပုပ်ထဲက ပဲ ဒီပဲပါပဲလား ပေါ့ လူထု လိုချင်တာက ပွင့်လင်းမြင်သာမှု ဖြစ်ပါလိမ့်မယ် မရိုင်းပါဘူး  ရှင်းပြပါ ရိုးရိုးသားသား လုပ်စေချင်တာပါ မလာဘူး ဘာလုပ်ချင်လဲ ဘာဖြစ်ချင်လဲ  အောက်မှာ တာဝန်ရှိတဲ့ဝန်ထမ်းက   မသိဘူး မကျေနပ်ရင် သမ္မတ သွားပြောဆိုတာမျိုး တွေ နဲ့ ရင်ဆိုင်နေရတဲ့ အောက်ခြေပြည်သူက သနားစရာပါ  ဖြစ်စဉ်က ဒီလိုပါဗျာ  မိုးရေက ဘယ်လို တာဝါတိုင်တွေက ဘယ်ချမ်းသာ စက်တွေက ဘာဖြစ်နေလို့ စသဖြင့် ပေါ့် လက်ခံပါတယ် ကျွန်တော်တို့ အဲဒါကြောင့် မီးကို လက်ရှိဘယ်လိုလေးပေးမှဖြစ်မယ်ဗျာ ခဏလေး သီးခံပေးပါ သိပ်မကြာပါဘူး ဘာညာ ဆို လူထု ကို ရှင်းပြ ပွဲက ပြီးပြီ ခုတော့ မဟုတ်ဘူး မြို့ မေတ္တာခံယူမဲ့ လျှပ်စစ်ဝန်ထမ်းက မီးပျက်တာ ဂွင် ပဲ  အပေါ်ကနဲနဲအောက်က သဲသဲ
လုပ်ပြီ  အာရ်ကေ ပေးတဲ့ လုပ်ငန်းရှင် ထရင်စဖော်မာ များများလင်း ကြောက်ရတဲ့ လှယ်လှယ်ကြီးတွေ ပုလင်းတူဘူးဆို့ အုပ်ချုပ်ရေးမှူး တွေရဲ့ ထရန်စဖော်မာတွေ မီးပေး လက်ဘာမှမပေးနိုင်တဲ့ ရပ်ကွက် မီးပျက်ရေမလာ   မလုံခြုံ ငွေမရှိ စက်မ၀ယ်နိုင်   ပေါက်ကွဲပြီပေါ့်ဗျာ ဖွချင်တဲ့သူက စပွန်ဆာပေးမယ် ပေါက်ကွဲနေတဲ့ လူထုက ထုတ်ဖော်မယ် လုပ်ထုံးလုပ်နည်းတွေ ငါမသိ ငါ မီးလင်းချင်တယ် ဒီလိုလုပ်ရင် လင်းမလား လင်းနိုင်တယ် ဒါဆို ချမယ်  ထွက်ပြီပေါ့်ဗျာ  တောင်းပန်ပါ ရှင်းပြပါ အသိပေးပါ  လူထုကို ပွင့်ပွင့်လင်းလင်း ၀န်ခံပါ ဒါဆိုရမယ် ခုတော့ မဟုတ် အကြံပေးရဲ့ စကားကလဲ ဒေါသထွက်ချင်စရာ  အဆင့်မရှိလိုက်တာ ပြောလို့ပြောတာမဟုတ်ဘူး
ခုထိ မြန်မာပြည်မှာ လူထု မျက်နှာ ထောက်ထားတဲ့  ကိုယ်ချင်းစာတဲ့ ငဲ့ ညှာတဲ့ မိန့်ခွန်းမျိုး ဗိုလ်ချုပ်ကလွဲရင် ဘယ်သူမှ ကို ပြောတာ မတွေ့သေးဘူးဗျ ချင်းတောင်မှာ သရော်တဲ့ဟာသလေး ကို သွားသတိရမိပါ့
တစ်ခါက ရွာမှာ နွားနောက်တစ်ကောင်က ခေါင်ဖတ်တွေထည့်ထားတဲ့အိုးထဲ ခေါင်းထိုး ပြီးစားနေတာ ကုန်လဲကုန်ရော ခေါင်းက ပြန်ထုတ်မရဘူး   အဲဒီမှာ ပိုင်ရှင်က ပျူးပျူးပြာပြာနဲ့ နွားနောက် ခေါင်းဆွဲ မရ  အိုးကိုဆွဲထုတ် မရ မပြီးချွတ် လဲမရ  ပြဿနာပဲ ရွာထိပ်က အသက်ကြီးကြီးအဘ တစ်ယောက်ကိုသွားမေးတာလေ   ဒီလို ဒီလို ဖြစ်နေတယ် နွားနောက်ခေါင်းကို ပြန်လိုချင်တယ်ပေါ့် ထုတ်မရဖြစ်နေတယ်အဘ ရယ် ဘာညာပေါ့်  အဲဒီမှာ   ပြင်ငြာရှိ ဒုက္ခမိန်က ဒါများလွယ်လွယ်လေး အပါ့  နွားနောက်ခေါင်းဖြတ်လိုက်ပေါ့်   ခဏနေတော့ ခုနက လူပြန်လာ အဘ ခေါင်းကို အိုးထဲမှာကျန်ခဲ့တယ်ဗျ  မင်းကလဲ ခက်ပြန်ရော အိုးကို ခွဲလိုက်ကွာ လို့ ပြောတော့ ပြေးပြန်ရော  ဟော ပြန်လာပြီ မောကြီးပန်းကြီးနဲ့ အဘ ရေ ခေါင်းကြီးရပြီဗျ တဲ့   ကျေးဇူးပါဗျာ အဘကို ခေါင်းဟင်းရည်လေးနဲ့ ခေါင်လေးလာပို့အုံးမယ်တဲ့  အဲဒီတော့စောစောက ပြင်ငြာရှိဆိုတဲ့သူက ပြောတယ်တဲ့ဗာ အေးပေါ့်ကွာ မင်းတို့ ရွာ ငါရှိနေလို့ပေါ့်  ငါများသေသွားရင် ဒုက္ခ တဲ့  သြော်  သမ္မတ အကြံပေးကြီးများစောစော သေသွားရင်ဖြင့် မြန်မာပြည်တော့  အကျီးအကြယ် ကို  ဒုက္ခ ဒုက္ခ

Human Development Of NLD

ဒီချုပ် အမတ်တွေ BC (British Council) မှာ အင်္ဂလိပ်စာ အရည်အချင်းစစ်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီစဉ်ညွှန်ကြားချက်အရ ကြားဖြတ်ရွေးကောက်ပွဲမှာ
အနိုင်ရရှိထားတဲ့ ဒီချုပ် အမတ်တွေ BC (British Council) မှာ အင်္ဂလိပ်စာ
အရည်အချင်း စစ်စာမေးပွဲတွေ ဖြေဆိုထားကြ တယ်လို့ လွှတ်တော် ကိုယ်စား
လှယ်တစ်ဦးဖြစ်သူ ဒေါ်မေ၀င်းမြင့်က ပြောပါတယ်။

နိုင်ငံခြားသွားတဲ့အခါ ဘယ်သူတွေ ကိုယ့်ဖာသာကိုယ် ဆွေးနွေးနိုင်မယ်၊
ဘယ်သူတွေကတော့ ဘာသာပြန်လိုမယ် ဆိုတာ သိနိုင်အောင်
အခုလို ပြင်ဆင်ထားတာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် လှည်းကူး
အမတ်ကိုဖြိုးမင်းသိမ်းက ပြောပါတယ်။

သူ့အနေနဲ့ ၅ လပိုင်း ၁၆ ရက်နေ့က BC မှာစာမေးပွဲ ၀င်ဖြေခဲ့ပြီး ကျန်တဲ့
လွှတ်တော်ကိုယ်စားလှယ် အကုန်လုံးလည်း ဖြေထားပြီးပြီလို့ ပြောပြပါတယ်။
ဖြေထားတဲ့ result level တွေကြည့်ပြီး လိုအပ်တဲ့ သူတွေကို အဖွဲ့ချုပ်က
နောက်ထပ် သင်ကြားမှုတွေ ဆက်လုပ်ပေးဦးမှာ ဖြစ်တယ်လို့ ကိုဖြိုးမင်းသိမ်းက
 ပြောပါတယ်။ ဒါဟာ လွှတ်တော်အမတ်တွေ အရည်အချင်း မြင့်မားရေး
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်ရိုက်အစီအစဉ် ဖြစ်တယ်လို့ သူကပြောပါတယ်။
ဒီဗွီဘီ

4 comments:

thawmyoh said...

Saturday, May 19, 2012

သူ့နေရာ နဲ့ သူ

တွေးမိတွေးရာလေးပါ
ဆံပင်ညှပ်ဆိုင်မှာ ကိုယ့်အလှည့်ကို စောင့်ယင်း ဂျာနယ်လေးတစောင်ကို ဖတ်နေခိုက်  ဆံပင်ညှပ်ဆရာက သူ့မိန်းမကို  ပြောလိုက်သံကြားလိုက်မိတော့   အမှိုက်တွေရှုပ်
တယ်ကွာ သိမ်းလိုက်ပါအုံးတဲ့    လူတစ်ယောက်ရဲ့ခေါင်းမှာ အထွပ်အမြတ်ထားရတဲ့ဆံပင် က ခေါင်းမှာရှိနေတုံးက ကျက်သရေရှိလိုက်တာ  လှလိုက်တာ တင့်တယ်လိုက်
တာ နော်တဲ့   ခေါင်းပေါ်ကနေလဲ ဖြတ်ချလိုက်လို့    အောက်လဲရောက်ရော  အမှိုက်တဲ့        ကြောက်စရာနော်        အပြောင်းအလဲ      ဆက်ပြီးတွေးကြည့်မိလိုက်တာ
သစ်ပင်ပေါ်မှာရှိနေတဲ့ သစ်ရွက်တွေ   စိမ်းစိုနေတာပဲ    လှလိုက်တာ   အညွန့်လေးများခူးပြီး     တို့စားလိုက်ရ       ဟင်းချိုလေးများကျိုပြီးသောက်လိုက်ရ   မြေပဲဆံလေး
လှော်ပြီးထောင်းသုတ်လိုက်ရ      ဟော      စိတ်ကူး      သူ့အလိုလိုများ ကြွေကျသွားလို့ကတော့    အမှိုက် ဗျ  တကယ့်ကို အမှိုက်  မီးရေးထင်းရေးကြောက်ရ  တဲ့ အမှိုက်
  အင်းလူတွေကိုဗျာ  စဥ်းစားမိ     ကျောင်းဆရာတွေ  စာသင်ချိန်     ကျောင်းပြင်ပရောက်နေရင်        ရုံးဝန်ထမ်းတွေ   ရုံးချိန်မှာ  ပြင်ပရောက်နေရင်       တောရိုင်းတိရစ္ဆာန်
  တွေ    တောထဲမရှိရင်     မြစ်ရေတွေ  မြစ်ထဲစီးဆင်းခွင့်မရ ရင်           အင်း     တစ်စုံ တစ်ယေက်ကများ    စစ်သားတွေ  စစ်တမ်းလျား မှာ မရှိရင်ကောဗျာ  လို့   မေးခဲ့ရင်
လောကကြီး  မှာ  သက်ရှိသက်မဲ့  သတ္တ၀ါအားလုံးဟာ   သူ့နေရာမှာ  သူမရှိ  ရင်  အမှိုက်ပါလားနော်  

စပ်မိစပ်ရာလေးတွေပါ


ယိုင်တိယိုင်တိုင် ချိနဲ့နဲ့ ကော်နက်ရှင်လေးကို စိတ်ရှည်လက်ရှည်စောင့်ဆိုင်းသီးခံပြီး ဆန္ဒပြင်းပြနေတာလေးတွေကို ရင်ဖွင့်ပြတာဆိုလဲ မမှားပါဘူးဗျာ အင်တာနက်စသုံးတော့ ကိုယ်သိရတဲ့အခြေအနေအရ ကမ္ဘာပေါ်မှာ မကောင်းတာတွေ အကုန်လုံးက မြန်မာက ထိပ်ကဗျ ကောင်းတာတွေ ကြည့်ပြန်တော့လဲ မြန်မာက နောက်ဆုံးဖြစ်ပြန်ရော မဆိုးပါဘူး ဂုဏ်ယူမယ်ဆိုရင် လဲ ဂုဏ်ယူရမလိုလိုပဲ ရွေးကောက်ပွဲတဲ့ ကြည့်ပါအုံး ကိုခြင်္သ့တို့ ဘ၀ပျက်လိုက်ပုံများ ပြည်သူက ချစ်မယ်ထင်နေတာ နှစ်ပေါင်း၂၀ကျော် လုပ်ထားတာ ဘာ့ကြောင့်လဲ  ဘာ့ကြောင့်မဲ မရတာလဲ အကျိုးရှိသင့်သလောက်လဲ ရှိ ခိုးသင့်သလောက်လဲ မက ခိုးထားတာလဲ ပြည်သူက သိ ရာထူးအဆင့်အတန်းနဲ့ မလိုက် ပိုင်ဆိုင်ချမ်းသာမှု က ကြောက်ခမန်းလိလိ ဟိုတုံးက မြို့ပိုင်တောင် အဲလောက်မပိုင်ဘူး အောက်က ၀န်ထမ်းတွေက နေ့လည်ထမင်းစားပြီး ညစာ ကို ဆိုက္ကားနင်းပြန်မှ ဆန်လေး ၂ဗူး ၃ဗူး ၀ယ်ပြီးချက်နေကြချိန်မှာသူတို့ကKTVမှာ သူများသားသမီးကို ဘီယာတိုက်ယင်း ခါးဖက်ယင်း အဲယားကွန်းခန်းထဲမှာ တနေ့တာ ပင်ပန်းနွမ်းနယ်စွာ ခိုးထားတာတွေကို အနားယူအပန်းဖြေနေကြတာတွေကလဲ  ၀န်ထမ်းများရဲ့ မညီမျှမှု  တရားမျှတမှုမရှိမှု ကွာဟချက်ကြီးမားမှု တခုလေ  ဒါနဲ့များ ပြည်သူတွေကို အလုပ်အကျွေးပြုနေတာလို့ ပြောထွက်ရဲသေး
            လုပ်သင့်တာက အမတ်တွေကို အရည်အသွေးပြည့်ဝတဲ့သူတွေဖြစ်ဘို့ အရင်လုပ်သင့်တယ်ဗျ ဘာလို့လဲဆို အစိုးရဆိုတာ လွှတ်တော်ရဲ့အောက်မှာမဟုတ်လားလွှတ်တော်ကခိုင်းတဲ့လမ်းအတိုင်းလျှောက်ကြရမဲ့သူတွေက၀န်ကြီးတွေလေ ဒါနဲ့တင်မပြီးသေးဘူး သန့်ရှင်းတဲ့ကောင်းမွန်တဲ့အစိုးရဖြစ်ဘို့အမတ်တွေကလဲသန့်ရှင်းဘို့ကောင်းမွန်ဘို့ အရည်အသွေးပြည့်ဝဘို့လိုပြန်ရောဟောလုပ်ပြန်ပြီ ပြည်သူ့အချစ်တော်သမ္မကြီးကမြန်မာနိုင်ငံလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအကြံပေးကောင်စီ ဖွဲ့မယ် ရှေးရိုးစွဲ အယူရှိသူ ဆိုလိုချင်တာက ပြောင်းလဲမှု ကို မကြိုက်နှစ်သက်သူပေါ့်လေ ထားရစ်ခဲ့မယ်တဲ့ဗျား ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်ကို ရောက်နေတဲ့ မြန်မာနိုင်ငံရဲ့ အခြေနေပေါ်မှာမူကောင်းပြီးလူ မကောင်းရင် မကောင်းတဲ့လူကို ထားရစ်ခဲ့မယ်ပေါ့်လေ  ကောင်းလိုက်တာ  တကယ် တကယ်ပါ ဘယ်လိုလေးစားရမှန်းကိုမသိ  ကျေှးဇူးရှင် သမ္မကြီးရယ် မကြာမှီ မှာ  ဆီးဂိမ်း   နောက်  အာဆီယံဥက္ကဌကြီး   ပြီးရင်  ပြီးရင်  လာမဲ့
လာလတ္တံ့ လာအုံးမဲ့  နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုများ  အလွန်မတန် မဟာဗျူဟာ ကျနေတဲ့မြန်မာနိုင်ငံ ဟာ စံနစ်ပဲအဓိကပြောင်းလိုက်ရင်
တိုးတက်မှု အစ ကိုမြင်တွေ့ရမယ်  အဲ   စံနစ် ( မူ) ပြီးရင် သမ္မကြီးပြောသလို လူတွေပါ  ပြောင်းလိုက်လို့ ကဖြင့်  တိုးတက်လိုက်မဲ့ဖြစ်ချင်း ဒီနေ့လဲလုပ်လိုက်ပြန် ပြီ စာနယ်ဇင်းကော်မတီ ဖွဲ့အုံးမယ်တဲ့ဗျား အချိုပေါ် သကာလောင်း ကောင်းမှကောင်းဗျို့ စတုတ္ထမဏ္ဍိုင် ပီပြင်စေရေး အလေးပေးဆောင်ရွက်မယ်တဲ့ ကောင်းမှ-- ဟာ--!! သွားပါပြီ  မီးပျက်ပြီ အင်တာနက်ဆိုင်က ၀ိုင်ဖိုင် ဖြုတ်တော့မှာ ဘက်ထရီစစ်ကြည့်အုံးမှ     တော်သေး --ဒီနေ့ ငါတို့လိုင်းအလှည့်ပါ     ကဲတော်ပါပြီ ဖွံ့ဖြိုးတိုးတက်တဲ့အဆင့်ကိုနောက်
 မှ  ပဲ သွားတော့မယ် ဘဘ သမ္မတ ကြီးရယ် သားသားတို့သိတာကလေ   ဘယ်အချိန်  ခလုပ်ဖွင့်  လိုက်  လာနေရမယ်  ဘယ်အချိန်မှာပဲ  ဘယ်နံပါတ် နှိပ် လိုက်  ဆက်သွယ်မှု ပြင်ပ မရောက်ချင်ပါ  ဘယ်ရုံးသွားသွား  လုပ်ပါအုံး ဆိုပြီးဈေးအလွန်မတန်ကြီးသော လက်ဘက်ရည်ဘိုးလေး  ပေးနေရတာ တွေ ကို အရင်လုပ်ပေးပါအုံးလို့   တောင်းပန်ပါရစေ ခင်ဗျား                        

ပြေးလမ်းကိုရောက်ပြီလား

ပြည်သူ့အချစ်တော်သမ္မတကြီးရဲ့ ပြောင်းလဲမှုနှုန်းတွေကအံ့သြလောက်အောင်ကို  မြန်လွန်းနေ
တော့ ကမ္ဘာ့နိုင်ငံများတောင်မျက်စိလည်ကုန်တယ် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှု  စီးပွားရေးပြုပြင်ပြောင်းလဲမှုများ အတွက်ဖွဲ့လိုက်တဲ့   ကောင်စီတွေ  ကော်မရှင်တွေ ကလဲ ဒေါင်ဒေါင်မြည်  ထောက်ခံလိုက်ကြတဲ့  နိုင်ငံတကာခေါင်းဆောင်များရဲ့အဆိုတွေ အကြံ ဥာဏ်တွေ ခန့်မှန်းချက်တွေကလဲ မစားရ ၀ခမန်း တကယ်ပါ မြန်မာပြည်ကြီး နေ့ချင်း ညချင်း   မလေးရှားကဲ့သို့ စင်္ကပူကဲ့သို့ အင်ဒိုကဲ့သို့ ဖွံ့ဖြိုးတိုးတက်တော့ မလိုလို ကဲ  ကျွန်တော် တို့ လက်ရှိအခြေအနေက  ဘယ်အဆင့်မှာလဲ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကောင်စီအဖွဲ့ ကလဲ ခိုင်မာလိုက်တာမှ ထိပ်ထိပ်ကြဲတွေချည်း ပဲ  ဒါဆိုရင် ကျွန်တော်တို့်က  တာထွက်ဘို့ အသင့်အနေအထားမှာလား  မဟုတ်ရင်  တာထွက်ပြီးသွားလို့ လက်ရှိ ပြေးလမ်းမပေါ်ကို ရောက်နေပြီလားသေချာတာကတော့  ကျွန်တော်တို့ တာထွက်နောက်ကျတာတော့  ငြင်းလို့မရပါဘူးနော်
ဒါဆိုရင် ဘယ်လိုပြေးကြမလဲ  ဘယ်စံချိန်နဲ့ပြေးမလဲ လှည့်မကြည့်ပါနဲ့ နောက်မှာ မည်သူမှမရှီရှေ့ မှာ ရှိနေကြတဲ့ သူတွေထဲက  ဘယ်သူ့ ကို စပြီး မှီအောင်လိုက်မလဲ ဘယ်လို မူဝါဒနဲ့စံနစ်နဲ့ပြေးမလဲ  ဒုတိယ ဘယ်သူ့ကို ကျော်မလဲ မဟာဗျူဟာတွေ ဘယ်လိုချ မှတ်ဆောင် ရွက်ကြမလဲအလွန်စိတ်ဝင်စားစရာကောင်းပါတယ်  မူဝါဒချမှတ်သူရယ် အကောင်အထည်ဖော်ကြမဲ့သူတွေ ခံစားကြမဲ့ပြည်သူတွေရယ်ဟန်ချက်ညီညီ ပြေးကြမယ်ဆို
လို့ ကတော့ ကျွန်တော်တို့လိုချင်တဲ့ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံသစ်ကြီးဆီ ကို မြေကြီးလက်ခတ်မလွဲ ရောက်ရမှာပေါ့်လေ